⏱️ ကျွန်ုပ်တို့၏ ဖြတ်သန်းခဲ့သော ခရီးလမ်း
၂၀၂၃ အောက်တိုဘာ: မြန်မာနိုင်ငံ၏ တက္ကစီမောင်းနှင်သူများနှင့် ခရီးသည်များအကြား မျှတခိုင်မာသော စနစ်တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ အစုရှယ်ယာရှင်များနှင့်အတူ Kilo Taxi Service Co., Ltd. ကို စတင် သန္ဓေတည် တည်ထောင်ခဲ့ပါသည်။
၂၀၂၆ အထိ: လက်ရှိအချိန်တွင် ဒါရိုက်တာအဖွဲ့နှင့်အတူ စည်းကမ်းစနစ်တကျရှိသော အစုရှယ်ယာရှင်များက တက်ညီလက်ညီ ပူးပေါင်းကာ ခေတ်မီ Mobile Application နည်းပညာများ၊ ယာဉ်မောင်း စီမံခန့်ခွဲမှုစနစ်များနှင့်အတူ ပိုမို စမတ်ကျပြီး လူဂုဏ်တန်ဆန်သော ခရီးသွားဝန်ဆောင်မှုများဆီသို့ အရှိန်အဟုန်ဖြင့် ရှေ့ဆက်လှမ်းချီလျက် ရှိပါသည်။